၂၀၀၈ ခြေ/ဥ နှင့် NCA ကို ငြင်းပယ်သည့် နိုင်ငံရေးရပ်တည်ချက် NMSP-AD ထုတ်ပြန်
Spring Sprouts · Greater Syracuse-Auburn Area · Today
OTHRFull-time
ထုတ်ပြန်ချက်အကျဉ်းချုပ်
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားပြီ ဖြစ်ကာ မိမိတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အရေးပါသည့် နိုင်ငံရေးရပ်တည်ချက်အား မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)- New Mon State Party – AD က ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံရေးပန်းတိုင်
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်) များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း မွန်ပြည်ကို တည်ဆောက်မည်ဟု ချမှတ်ထားသည်။
ထုတ်ပြန်ချက်ပါ ကဏ္ဍများ
- "ပြည်ထောင်စု၏စံတန်ဖိုး"
- "ဦးတည်ချက်"
- "နိုင်ငံရေးရပ်တည်ချက်"
- "လုပ်ငန်းစဉ်များ(လမ်းပြမြေပုံ)"
ရပ်တည်ချက်နှင့် ဆန့်ကျင်မှုများ
- NCA စာချုပ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုမှန်သမျှကို လက်မခံဘဲ ဆန့်ကျင်သွားမည်
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းမည့် ကြိုးပမ်းမှုမှန်သမျှအား လက်မခံဘဲ ဆန့်ကျင်သွားမည်
- အနာဂတ်နိုင်ငံရေး၌ စစ်တပ်ပါဝင်ခွင့် မရှိစေရ