Jobs · OTHR · Pennsylvania

တတိယအကြိမ် ပြည်သူ့ညီလာခံမှာ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ

Spring Sprouts · Unity, PA · Yesterday
OTHRFull-time
ပြည်သူ့ညီလာခံ ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NationalUnity Consultative Council - NUCC) ကို ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်တွင် ကနဦးစုဖွဲ့မှုဖြင့် စတင်သည်။ NUCC သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) အား ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government - NUG) ကို ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်ကို ပိုမို ထင်ဟပ်လာစေရန်အတွက် ပဋိညာဉ် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် မေ ၂၄ ရက်တွင် စတင်လုပ်ဆောင်ပြီး ပြည်သူ့ညီလာခံ၌ အတည်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံ ပထမအကြိမ် ပြည်သူ့ညီလာခံတွင် တက်ရောက်သူ စုစုပေါင်း ၃၈၈ ဦး ရှိခဲ့ပြီး အတည်ပြုဆုံးဖြတ်ချက် (၈) ချက် ချမှတ်နိုင်ခဲ့ကာ ဆုံးဖြတ်ချက်များထဲ၌ ပြင်ဆင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) အား အတည်ပြုမှု၊ NUCC ကို အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းမှုအား အတည်ပြုမှု၊ NUG အား ထပ်လောင်း အတည်ပြုမှု၊ NUCC နှင့် NUG ၏ လုပ်ငန်းအစီရင်ခံစာများအား အတည်ပြုမှု၊ NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ဖြည့်စွက်ပြင်ဆင်ရန် ဟူသည့် ဆုံးဖြတ်ချက် ပါဝင်ခဲ့သည်။ ခြောက်လ တစ်ကြိမ် ကျင်းပရမည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး ဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုထိရောက် အားကောင်းလာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ချက်ကြောင့် ထိုသို့ မကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း NUCC က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည်။ ညီလာခံဆုံးဖြတ်ချက်တစ်ခုဖြစ်သည့် NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲမှု အခြေအနေကိုလည်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နွေဦးတော်လှန်ရေး ၃ နှစ် ပြည့်လူထုအစည်းအဝေးတွင် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကျင်းပရန် လျာထားကြောင်း NUCC က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ထပ်မံ ရက်ရွှေ့ခဲ့ရပြီး ကြိုတင် ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ရာ၌ အချိန်လုံလောက်မှု ရှိစေရေးအတွက် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄၊ ၅၊ ၆) တွင် ကျင်းပသွားရန် ရက်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့ပြီး ညီလာခံကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦး တက်ရောက်ကြောင်း ဖော်ပြထားသည်။ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စ၊ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) ပယ်ဖျက်ရေးကိစ္စများအား ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့သည်။ ထို့ပြင် ပြည်သူ့ညီလာခံအား( ၆) လ တစ်ကြိမ် ကျင်းပမည် ဖြစ်ကြောင်းလည်း ထပ်လောင်း အတည်ပြုခဲ့သည်။ ညီလာခံ၏ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်း မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ညီလာခံ နောက်ဆုံးနေ့တွင် CRPH နှင့် NUG တက်ရောက်မှု မရှိခဲ့သည့်အပြင်၊ ညီလာခံအပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC ကောင်စီဝင်များအကြား အပြန်အလှန် တင်းမာသော ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူထု၏ ဝေဖန်မှု ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ဒုတိယအကြိမ် လူထုတွေ့ဆုံဆွေးနွေးပွဲ (Town Hall Meeting) အား တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (သို့) ဩဂုတ်လတွင်ကျင်းပရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ကျင်းပနိုင်ခြင်းမရှိသည့်အပေါ် ပြည်သူလူထုအား မေတ္တာရပ်ခံ ပန်ကြားကြောင်း NUCC က ထုတ်ပြန်ခဲ့သည်။ ‍ တတိယအကြိမ် ပြည်သူ့ညီလာခံ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလသည် (၆) လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားချက်အရ တတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပရမည့်အချိန်ဖြစ်သော်လည်း ညီလာခံကျင်းပမည့်ရက်ကိုထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ အကယ်၍ မကြာမီကာလများအတွင်း တတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပမည်ဆိုပါက ယခင်ညီလာခံများ၊ အထူးသဖြင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၏ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို ပြန်လည်၍ သုံးသပ်ကြမည်ဟု ယူဆရပါသည်။ မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ (ပသုံးလုံးယန္တရား) နှင့် နိုင်ငံသားဥပဒေဖျက်သိမ်းရေး ကိစ္စများကို တကျော့ပြန် သုံးသပ်မှုများ ရှိလာနိုင်သလို၊ ယခင်က အဆိုပြုချက်နှင့်အကြံပြုချက်အဖြစ် ထည့်သွင်းခဲ့သည့် အချက်များသည်လည်း တတိယအကြိမ် ညီလာခံတွင် အဆိုများအဖြစ် ပြန်လည်ပါဝင်ကောင်း ပါဝင်လာနိုင်ပါသည်။ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုံးဝလက်သင့်မခံခြင်း မူဝါဒကို အကောင်အထည်ဖော်ခြင်း၊ တော်လှန်ရေးကာလအတွင်း အခွန်အကောက်ဆိုင်ရာကိစ္စများ၊ ရိုဟင်ဂျာလူမျိုးဆိုင်ရာ မူဝါဒရေးဆွဲခြင်းနှင့်အကောင်အထည် ဖော်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုကို ပိုမိုခိုင်မာစေခြင်း စသည့် အဆိုပြုချက်များကို တကျော့ပြန် တင်သွင်းမှုများ ရှိလာနိုင်ပါသည်။ ထို့အတူ တော်လှန်ရေး၏ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအရ အောက်မှအထက် ဖက်ဒရယ်စီးဆင်းမှုကိစ္စ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အစီအမံကိစ္စ၊ NUCC နှင့် NUG တို့က ကြေညာထားသလို ဒုတိယအကြိမ်ညီလာခံ၏ အဆိုပြုချက်များတွင်လည်း ပါဝင်ခဲ့သည် ဘုံနိုင်ငံရေး သဘောတူညီချက်ရရှိရေး ကြိုးပမ်းမှုကိစ္စများကိုလည်း ဆွေးနွေးလာနိုင်စရာ ရှိသည်ဟု ယူဆရပါသည်။ ထို့အတူ စစ်ရေးအောင်မြင်မှုများနှင့် အားသာချက်များ၊ ပြင်ပဖိအားများ၊ ပိုမိုကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည့် မြေပြင်လှုပ်ရှားမှုများ၊ အတုအယောင် သန်းခေါင်စာရင်းနှင့်အတူ အတုအယောင် ရွေးကောက်ပွဲအတွက် စစ်အုပ်စု၏ ပြင်ဆင်မှုများ အစရှိသဖြင့် အဆိုပြုချက်အသစ်များလည်း ပေါ်ထွက်လာနိုင်ပါသေးသည်။ ညီလာခံ ကျင်းပမည့်ရက်နှင့် အစီအစဉ်ကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ညီလာခံကျင်းပရန် အချိန်ကို ကျရောက်နေပြီဖြစ်သဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံသည် ယခုကာလအတွင်း စောင့်ကြည့်သင့်သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။

Similar jobs

总工程师

Hangzhou Hongli Machinery Manufacturing Co., Ltd.English, IN· 2 days ago
Engineeringapply on honglimfg.com

咨询顾问

CheersYou International ConsultingManhattan, NY· 15 mo ago
Consultingapply on cheersyou.com

申请顾问

CheersYou International ConsultingManhattan, NY· 17 mo ago
Consultingapply on cheersyou.com